Thursday, March 20, 2014

Forex Trading ငွေကြေးအရောင်း/ဝယ် ကိုစတင်လေ့လာရန်သင်ခန်းစာများအတွက် (မူလတန်း)

မူလတန်း သင်တန်းကျောင်း

    မူလတန်း သင်္ခန်းစာများအနေနဲ့ လဲလှယ်နှုန်း အတက်အကျကို ခန့်မှန်းတဲ့ အခြေခံတိုင်းထွာနည်းစနစ်များကို လေ့လာသွားမှာ ဖြစ်ပါတယ်။
- အောက်ခြေအထောက်အပံ့  နဲ့ အပေါ်အတားအဆီးများ
အား လေ့လာခြင်း
- ဂျပန် ဖရောင်းတိုင်များအား လေ့လာခြင်း
- ရွေ့လျှားမှုများရဲ့ ပျမ်းမျှများအား လေ့လာခြင်း
- အသုံးများသော သာမာန် တိုင်းထွာနည်းစနစ်များ

- အောက်ခြေအထောက်အပံ့နဲ့ အပေါ်အတားအဆီးများအား လေ့လာခြင်း

    အောက်ခြေအထောက်အပံ့နဲ့ အပေါ်အတားအဆီးများကို ငွေကြေးရောင်းဝယ်ရာမှာ ကုန်သည်တိုင်း အသုံးပြုကြပါတယ်၊ ဒါပေမယ့် တွက်ချက်ပုံ၊ ယူဆပုံ နည်းလမ်းများစွာရှိပြီး တဦးနဲ့တဦး တူချင်မှတူပါလိမ့်မယ်။
    အောက်ပုံမှာ မြင်ရတဲ့အတိုင်း အထောက်အပံ့တွေနဲ့ အတားအဆီးတွေဟာ အဆင့်ဆင့်ရှိပါတယ်။
    အထောက်အပံ့နဲ့ အတားအဆီး တို့ရဲ့ အခြေခံသဘောတရားတွေကို လေ့လာကြည့်ရအောင်.....

Picture



လွှသွားလေးတွေ လိုဘဲနော်........

Resistance = အပေါ်အတားအဆီး
Support = အောက်ခြေ အထောက်အပံ့
    ငွေလဲလှယ်နှုန်းဟာ အပေါ်အတားအဆီးရောက်ရင် ပြန်ကျပြီး အောက်ခြေအထောက်အပံ့ ရောက်ရင် ပြန်တက်သွားတာကို တွေ့ရပါလိမ့်မယ်။
    ဒီပုံမှာတော့ အပေါ်အတားအဆီးတွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် တခုထက်တခု ပိုပြီးမြင့်တက်သွားတာတွေ့ရသလို အောက်ခြေ အထောက်အပံ့   တွေကို ကြည့်လိုက်ရင်လဲ အလားတူတခုထက်တခုပိုပြီး မြင့်တက်သွားတာ တွေ့ရမှာပါ။
    ဒီလိုပုံစံမျိုးကို အတက်ဈေးကွက် (သို့) ကျွဲမားကက် Bull Market လို့ ခေါ်ပြီး သူနဲ့ ဆန့်ကျင်ဘက် အပေါ်အတားအဆီးတွေ နဲ့ အောက်ခြေအထောက်အပံ့တွေဟာ တခုထက်တခုပိုပြီး အောက်ကိုနိမ့်ကျသွားမယ် ဆိုရင်တော့ အကျဈေးကွက် (သို့) ဝက်ဝံမားကက် Bear Market လို့ ခေါ်လေ့ရှိပါတယ်။
Bull = အတက်
Bear = အကျ


၁) အပေါ်အတားအဆီး နှင့် အောက်ခြေအထောက်အပံ့ တန်ဘိုးများကို ရှာဖွေခြင်း
    
    သင်သိထားသင့်တာ တခုကတော့ ဒီတန်ဘိုးတွေကို အကြမ်းဖျင်းသတ်မှတ်နိုင်ပေမယ့် တိတိကျကျ ဂဏန်းတန်ဘိုးအနေနဲ့ တွက်ချက်နိုင်ဘို့ မလွယ်ဘူးဆိုတာပါဘဲ၊ ဘာလို့လဲဆိုတော့ အဲဒီတန်ဘိုးတွေအနီးတဝိုက်မှာ ရောင်းသူ၊ဝယ်သူ တွေဟာ မိမိအယူအဆနဲ့ ရောင်း၊ဝယ်ပြီး လွန်ဆွဲနေ ကြလို့ပါပဲ။
    အောက်ပါဖရောင်းတိုင်ချတ် မှာဆိုရင် အောက်ခြေအတားအဆီးတခုရဲ့ လဲလှယ်နှုန်းတဝိုက်မှာ ဒီလိုလွန်ဆွဲနေကြတာတွေကို ဖရောင်းတိုင်ရဲ့ မီးဇာများ Shadowsအနေနဲ့ သင်တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Picture


အော်...... ဒီကုန်သည်တွေကလဲ လွန်ဆွဲ ဝါသနာပါတာပါဘဲလား.........
ငါတို့ဆီမှာ မိုးခေါင်ချိန်ကျရင် ဒင်းတို့ကို ခေါ်လိုက်ရအောင်.........

    ဒါကြောင့်မို့ ဒီပုံမှာ သင့်အနေနဲ့ အောက်ခြေအတားအဆီးတန်ဘိုးကို အတိအကျတွက်ချက်ပြီး ဖေါ်ပြထားတဲ့အတိုင်း မျဉ်းတကြောင်းအနေနဲ့ သတ်မှတ်ထားခဲ့မယ်ဆိုရင် လဲလှယ်နှုန်းက ဒီမျဉ်းကြောင်းအောက်ကို ရောက်သွားတာနဲ့ ဒီ အတားအဆီးကို ကျော်ပြီး သူ့အောက်က နောက်အတားအဆီးတခုဆီကို ဆက်ကျသွားတော့မယ်လို့ ထင်မှတ်မှားနိုင်ပါတယ်။
    ဒါပေမယ့် ပုံမှာမြင်ရတဲ့အတိုင်း လဲလှယ်နှုန်းဟာ အဲဒီအတားအဆီးတဝိုက်မှာ လွန်ဆွဲပြီး အပေါ်ကိုပြန်တက်သွားတာပါ၊ အဲဒါကြောင့် အတားအဆီး (သို့) အထောက်အပံ့ တန်ဘိုးများကို ဧရိယာ Zones များအနေနဲ့ တွက်ချက်သတ်မှတ်ပါလို့ အကြံပြုပါရစေ။
    အောက်ပုံကတော့ အဲဒီတန်ဖိုးများကို ဧရိယာအနေနဲ့ တွက်ချက်ပြီး ဖေါ်ပြထားတဲ့ နမူနာတခုဖြစ်ပါတယ်။

 Resistance Zones = အပေါ်အတားအဆီး ဧရိယာ
 Support Zones = အောက်ခြေအထောက်အပံ့ ဧရိယာ

Picture



အော်....... မီးဇာတွေရဲ့ လှည်းစားမှု မခံရအောင်ပေါ့နော်......

၂) အတားအဆီးနဲ့ အထောက်အပံ့တို့ရဲ့ စိတ်ဝင်စားစရာကောင်းသော သဘာဝ
    
    စိတ်ဝင်စားစရာကောင်းတာတခုကတော့ လဲလှယ်နှုန်းတခုဟာ အပေါ်အတားအဆီးတခုကို တကယ် ကျော်ဖြတ်ပြီး အပေါ်ကို တက်သွားနိုင်ပြီဆိုရင် အဲဒီကျော်ဖြတ်ခံလိုက်ရတဲ့ အတားအဆီးဟာ နောင်တချိန်မှာ အောက်ခြေအထောက်အပံ့ အဖြစ် ပြောင်းလဲသွားလေ့ရှိတာပါပဲ။
    အလားတူဘဲ လဲလှယ်နှုန်းတခုဟာ အောက်ခြေအထောက်အပံ့တခုကို တကယ်ကျော်ဖြတ်ပြီး အောက်ကိုဆင်းသွားနိုင်ပြီဆိုရင်လဲ အဲဒီကျော်ဖြတ်ခံလိုက်ရတဲ့ အထောက်အပံ့ဟာ   နောင်တချိန်မှာ အပေါ်အတားအဆီးတခုအဖြစ် မကြာခဏပြောင်းလဲလေ့ရှိတာကို   တွေ့ရှိရပါတယ်။
    နောက်တခုကတော့ လဲလှယ်နှုန်းတခုဟာ အပေါ်အတားအဆီး/အောက်ခြေအထောက်အပံ့ တခုခုကို အကြိမ်အတော်များများ ကြိုးစားပေမယ့် မဖြတ်သန်းနိုင်ခဲ့ဘူးဆိုရင်တော့ ကြိုးစားပေမယ့် မဖြတ်သန်းနိုင်တဲ့ အကြိမ်များလေလေ အဲဒီ အတားအဆီး/အထောက်အပံ့ဟာ ပိုပြီးစိတ်ချရတဲ့ ခိုင်မာတဲ့ အတားအဆီး/အထောက်အပံ့ Strong Resistance/Support (သို့) အဓိက အတားအဆီး/အထောက်အပံ့ Major Resistance/Support အဖြစ် သင် သတ်မှတ်နိုင်လေလေပါပဲ။
    အတားအဆီး/အထောက်အပံ့တခုကို ကျော်ဖြတ်သွားနိုင်တဲ့ လဲလှယ်နှုန်းတခုရဲ့ အင်အားကိုလဲ သူကျော်ဖြတ်ခဲ့တဲ့ အတားအဆီး/အထောက်အပံ့ရဲ့ ခိုင်မာမှုအင်အားကိုမူတည်ပြီး ခန့်မှန်းနိုင်ပါသေးတယ်။

Strong Support = ခိုင်မာတဲ့ အထောက်အပံ့
Major Resistance = အဓိက အတားအဆီး

Picture


စိတ်ဝင်စားစရာ ပါလားဟ......
ဒါဆို အတက်အကျ ခန့်မှန်းဘို့ ပိုလွယ်သွားတာပေါ့.........
 
 
 
 
 
အောက်ဖော်ပြပါ  ကိုဗွီနိုင် ဘလော့(ဂ်)မှ ကူးယူဖော်ပြပါသည်။
http://myanmarforextradingeducation.com 

No comments:

Post a Comment